ပြည်ဈေးကွက်တွင်ရောင်းချနေသောနံနံပင်

Powered by Drupal

  ပြည်ဈေးကွက်တွင်ရောင်းချနေသောနံနံပင်များကိုပြည်ဒေသတစ်ဝိုက်မြို့နယ်များဖြစ်သော ရွှေတောင်မြို့နှင့် မှော်ဇာမြို့နယ်များမှ ဈေးကွက်သို့ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ ယခုဇွန်လဆန်းပိုင်းတွင်တော့မိုးရွာသွန်းမှုများသောကြောင့် နံနံပင်စိုက်ခင်းများမှာ နံနံပင်များ အထွက်နည်းကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချလျှက်ရှိသော နံနံပင်ဈေးနှုန်း များမှာ မေလကုန်ပတ်တွင် နံနံပင် တစ်ပိဿာကို (၈၀၀၀)ကျပ်ခန့်နှုန်းဖြင့်ရောင်းချပြီး ယခုဇွန်လ ဒုတိယပတ်တွင်  တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ဖြင့် ဈေးမြင့်တက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)