ပြည်ဈေးကွက်သို့ ဗုံလုံသီးများအဝင်များလျက်ရှိ

Powered by Drupal

   ပြည်ဈေးကွက်သို့ရွှေတောင်၊ အင်းမ၊ ဝက်ပုတ်၊ ပုတီးကုန်း၊ သဲကုန်းနှင့် ပြည်မြို့အရှေ့ဘက်ရှိ ဇီးအုပ်၊ နတ်တလင်း ရွာများမှ ပဲတောင့်ရှည် (‌ခေါ်) ဗုံလုံသီးများ အဝင်များလျက်ရှိပြီး ယခုကာလတွင် အရောင်းအဝယ် ကောင်းလျက်ရှိနေသည်။ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ယခုကာလ တွင်တစ်ရက်လျှင် ဗုံလုံသီးအလုံးရေ (၅၀၀-၆၀၀)ခန့်အဝင်ရှိနေသည်။ အဝင်ရှိသလောက် အရောင်းအဝယ်သွက်လျက်ရှိပြီး ဈေးနှုန်းမှာ ဗုံလုံသီး တစ်တောင့်လျှင် အလုံးအချော/ အသေးအပေါ်မူတည်၍ ကျပ်(၆၀၀-၇၀၀-၈၀၀)နှုန်း တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပြီး ပေါ်ခါစ မေလဒုတိယပတ်ခန့်တွင် တစ်တောင့်လျှင် ကျပ်(၁၀၀၀-၁၂၀၀)နှုန်းထိ ဈေးမြင့်ခဲ့ကြောင်း သိရပါ သည်။

DOCA(ပဲခူး)