
မုံရွာမြို့ပတ်ဝန်းကျင်ရှိ ဒေသခံတောင်သူများသည် သခွားသီးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ တောင်သူများသည် မိမိတို့၏ စိုက်ခင်းထွက်သီးနှံများကို မုံရွာမြို့ မန်ကျည်းပင်ဈေးတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် မန်ကျည်းပင်ဈေးတွင် ဖြစ်ပေါ်နေသော သခွားသီး ဈေးနှုန်းများမှာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၁၉၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၃၀၀၊၂၇၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ရှိကြောင်း သိရပါသည်။
Doca(စစ်ကိုင်း)