“လိုင်ချီးသီး‌(ခ)လေချူသီးစျေးကွက်”

Powered by Drupal

           မန္တ‌လေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် လိုင်ချီးသီးများ ဖြိုင်ဖြိုင်ထွက်ပေါ်လျက် ရှိရာ အများဆုံးစိုက်ပျိုးသော မြို့နယ်များမှာ နောင်ချိုမြို့နယ် နှင့် ကျောက်မဲမြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊လိုင်ချီးပင်သည် နှစ်ရှည်သီးပင်ဖြစ်သောကြောင့် အရိပ်လည်းရ စီးပွားလည်းဖြစ် သောလိုင်ချီးပင်ကိုစိုက်ပျိုးရန်သင့်ကြောင်း၊ လိုင်ချီးကိုင်းကူးပျိုးပင် တစ်ပင်လျှင် (၁၅၀၀၀-၃၀၀၀၀) ကျပ်အထိပေးဝယ်ရကြောင်း၊ ကိုင်းကူးပျိုးပင်သက်တမ်း(၃)နှစ်တွင် အသီးများလှိုင်လှိုင်သီးကြောင်း၊ လိုင်ချီးပင်ကို အိမ်ခြံဝန်းထဲတွင် စိုက်ပျိုးသူများရှိသလို ခြံအလိုက်စီးပွားဖြစ် စိုက်ပျိုးကြသူများလည်းရှိကြောင်း၊ မျိုးအနေဖြင့် အခွံပါးမျိုးနှင့်အခွံ ထူမျိုးဟူ၍(၂)မျိုးရှိကြောင်း၊အများဆုံးစိုက်ပျိုးသောမျိုးမှာ အခွံပါးမျိုးကိုသာစိုက်ပျိုးကြကြောင်း၊ အခွံပါးမျိုးမှာ  ချိုမွှေးသောအရသာရှိကြောင်း၊ လိုင်ချီးပင်သည် မေလမှစတင်၍ အသီးများ ခူးဆွတ်ရောင်းချ၍ရကြောင်း၊ စျေးနှုန်းအနေဖြင့်(၁)ပိဿာလျှင်(၈၀၀၀- ၁၀၀၀၀)ကျပ် စျေးအထိရှိကြောင်း၊ အခိုင်လိုက်အလုံး(၂၀)ပါ တစ်စည်းလျှင်(၁၅၀၀/-)ကျပ် စျေးရှိကြောင်း၊ စျေးကွက်အနေဖြင့် မန္တလေးစျေးကွက်နှင့်သစ်သီးပွဲရုံများသို့တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လိုင်ချီးတစ်ပင် အသီးဖြိုင်ဖြိုင်သီးပါက တစ်ပင်လျှင် ကျပ်(၂-၃)သိန်းအထိရရှိကြောင်း၊ လိုင်ချီးပင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိသဖြင့် လိုင်ချီးပင်ကို တစ်နိုင်တစ်ပိုင် ခြံဝန်းအတွင်းများမှာလည်း စိုက်ပျိုးထားသင့်ပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)