စက်သုံးဆီစျေးနှုန်းယခင်အပတ်နှင့် နှိုင်းယှဥ်ပါကအနည်းငယ်ကျဆင်း

Powered by Drupal

   စက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  စက်သုံးဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဥ်ဆီရောင်းချမှု၊ ဆီဘောင်ကား ရောက်ရှိမှု အခြေအနေများကို သက်ဆိုင်ရာဌာနများမှ ကြပ်မတ်စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

    ထားဝယ်မြို့နယ်တွင် စက်သုံးဆီဆိုင်(၁၀)ဆိုင်ရှိပြီး ပုံမှန်ဖွင့်လှစ်‌ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇွန်လတတိယပတ်အတွင်း 92 တစ်လီတာ (၂၉၈၅)၊ 95 တစ်လီတာ(၃၀၀၅)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာ (၂၅၀၀)ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာ (၃၀၈၀)ကျပ်ဖြစ်ပြီး ယခင်ပတ်နှင့် နှိုင်းယှဥ်ပါက 92 (အောက်တိန်း) သာလျှင်အနည်းငယ် မြင့်တက်သွားပြီး ကျန်စျေးနှုန်းများမှာ ကျဆင်းသွားကြောင်း သိရှိရပြီး စက်သုံးဆီများ ဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချမှု ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ ကြီးကြပ်လျက်ရှိပါသည်။

DOCA(တနင်္သာရီ)