မြိတ်ဒေသထွက် နွားနို့စျေးနှုန်းစျေးကွက်

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် မြစ်ကန်၊ သစ်တော၊ ကျွန်းဆွယ်များဖြင့် ပြည့်နှက်နေသော ရေမြေဧရိယာကြီးတစ်ခုဖြစ်ပြီး ငါးဖမ်းလုပ်ငန်းများသာမက နွားမွေးမြူရေးအတွက် လည်း အလွန်သင့်တော်သောဒေသတစ်ခုဖြစ်ပါတယ်။ ယခင်က နို့စားနွားမွေးမြူရေးလုပ်ငန်းကို မိသားစု တစ်နိုင်တစ်ပိုင်အဖြစ် လုပ်ကိုင်သူများသာရှိခဲ့ရာမှ ယခုအခါစီးပွားဖြစ်မွေးမြူသည့် နွားမွေးမြူရေးခြံများအထိ ရှိလာကြောင်း သိရှိရသည်။ မြိတ်မြို့တွင်အဓိကအားဖြင့် ဖရီရှန် (Friesian) နွားမျိုးများကို အများဆုံးမွေးမြူကြပြီး နွားများကို ရန်ကုန်နှင့် မုံရွာများအထိ သွားရောက် ဝယ်ယူ မွေးမြူလျက်ရှိသည်။ နွားစာအနေဖြင့် အသင့်သုံးအစားအစာမှုန့်များ၊ နှမ်းဖတ်၊ ဆန်ကွဲ၊ ဆန်မှုန့် များဖြင့် ရောစပ်အစားအစာများအပြင် မြက်နုများကိုကျွေးခြင်းဖြင့် မွေးမြူကြသည်။ အစာစရိတ် အနေဖြင့် စျေးနှုန်းကြီးမြင့်သော်လည်း နွားနို့အထွက်နှုန်းကောင်းသဖြင့် စီးပွားရေးအရ တွက်ခြေကိုက်ကြောင်း နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။

     မြိတ်မြို့တွင်ရောင်းချနေသော နွားနို့စျေးနှုန်းများမှာ နွားနို့အစိမ်း ၁လီတာ တစ်ဗူးလျှင် (၅၀၀၀)ကျပ်နှင့် နွားနို့အကျက်(ကြိုချက်ပြီး) ၁လီတာ တစ်ဗူးလျှင် (၆၅၀၀)ကျပ်နှုန်းဖြင့် ရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)