မိတ္ထီလာမြို့နယ်တွင် မိုးနှမ်းများ စတင်ရိတ်သိမ်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် စစ်ဆေးရေးအရာရှိ ဦးစန်းအောင် (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်၊ သရက်တန်းကျေးရွာနှင့် ထိန်ကန်ကျေးရွာရှိ မိုးနှမ်းစိုက်ပျိုးသော တောင်သူများနှင့် (၂၅-၇-၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) နာရီချိန်တွင် ကွင်းဆင်းလေ့လာ တွေ့ဆုံခဲ့ပါသည်။

            မိုးနှမ်းစိုက်ပျိုးသော တောင်သူများမှ မိုးနှမ်းများကို မေလမှဇွန်လတွင် စတင်၍ ဧကပြည့် စိုက်ပျိုးခြင်း၊ အခြားသီးနှံဖြစ်သော ပဲစဉ်းငုံနှင့် ပြောင်းဖူးခင်းများတွင် သီးညှပ်အနေဖြင့်လည်းကောင်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ (၁) ဧက ကုန်ကျစရိတ်အနေဖြင့် ပျှမ်းမျှခန့်မှန်း (၁၅၀၀၀၀ ) ကျပ် ခန့်ကုန်ကျကြောင်း သိရှိရပါသည်။ ယခုနှစ် နှမ်းအထွက်နှုန်းမှာ မိုးလေဝသ မှန်ကန်မှုမရှိသည့်အတွက် အထွက်နှုန်းကျဆင်းပြီး (၁)ဧကလျှင် (၅)တင်းမှ (၆)တင်းခန့်ထွက်ရှိပြီး၊ အထွက်နှုန်းနည်းသော်လည်း နှမ်း(၁)တင်းလျှင် စျေးနှုန်း(၅၅၀၀၀) ကျပ်မှ (၆၀၀၀၀)ကျပ်အထိ ရောင်းချရသည့်အတွက် အကျိုးအမြတ်ရရှိပြီး အဆင်ပြေကြောင်း တောင်သူများထံမှ သိရှိရသည်။ ထွက်ရှိလာသောနှမ်းများကို ကျေးရွာအရောက် လာရောက်ဝယ်ယူကြသော ပွဲစားများထံတွင်လည်းကောင်း၊ မြို့ပေါ်ရှိ သီးနှံပွဲရုံများ တင်ပို့ရောင်းချကြောင်းသိရသည်။

DOCA(မန္တလေး)