စျေးကောင်းရနေတဲ့ ပိန်းဥစျေးကွက်

Powered by Drupal

           ပြည်တွင်းစားသုံးရန်အတွက် ဒေသတွင်းစျေးကွက်ဝယ်လိုအားရှိသော မိုးကြိုပိန်းဥ စိုက်ပျိုးသည့် တောင်သူများ စျေးကောင်းရလျှက်ရှိကြောင်း၊ ကျောင်းကုန်းမြို့နယ်၊ ကညင်သုံးဆင့်ကျေးရွာအုပ်စု၊ တူးမြောင်းကျေးရွာနေ မိုးကြိုရေလောင်း စိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။

          ယခင်နှစ်က မိုးကြိုပိန်းစိုက်ပျိုးသော တောင်သူ (၁၀)ဦးခန့်ရှိပြီး စျေးကောင်းရသည့် အတွက် ယခုနှစ်တောင်သူ (၂၀)ဦးခန့် စိုက်ပျိုးလျှက်ရှိကြောင်း၊ ယခင်နှစ်ပိန်းဥ (၄၅)ပိဿာဝင် တစ်အိတ်ကို ကျပ် (၄၀၀၀၀)ဝန်းကျင်စျေးရပြီး ယခုနှစ်တစ်အိတ်ကို ကျပ် (၅၀၀၀၀)မှ (၆၀၀၀၀) စျေးအတွင်း ရရှိပြီး ပိန်းဥအရွယ်ကြီးလျှင် စျေးပိုရသဖြင့် ယခုနှစ်စျေးနှုန်းပိုမိုရရှိ ကြောင်း၊ ပိန်းစိုက်တောင်သူများထံမှသိရသည်။ မိုးကြိုပိန်းကို ဖေဖော်ဝါရီလတွင် ပျိုးထောင်၍ မတ်လတတိယပတ်အတွင်း စိုက်ခင်းသို့ ပြောင်းရွေ့ကာ (၇)ရက် တစ်ကြိမ်၊ မိုးမှန်သည့် အထိ ရေလောင်းပေးရပြီး (၁)လအကြာ မြေသြဇာကျွေး၊ ပေါင်းနှုတ်၊ စိုက်ဘောင်မြေတင်ခြင်းများ ပြုလုပ်ပေးရကြောင်း၊ (၄)လ၀န်းကျင် ပိန်းဥတူးဖော်၍ စျေးကွက်သို့ တင်ပို့ရောင်းချပြီး (၁)ဧက ကုန်ကျစရိတ်မှာ (၁၁)သိန်း၀န်းကျင်ကုန်ကျ၍ (၁)ဧကပျမ်းမျှ အထွက်နှုန်းမှာ (၄၅)ပိဿာ၀င် အိတ်ရေ (၇၀)ခန့်ရရှိပြီး ပိန်းဥရောင်းချရငွေ (၃၅)သိန်း၀န်းကျင် ရရှိသောကြောင့် (၁)ဧကလျှင် ကျပ် (၂၅)သိန်းကျပ်ခန့် အကျိုးအမြတ်ရရှိ၍ တွက်ခြေကိုက်လျှက်ရှိကြောင်း စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာ၀န်ခံ ဦးတင်ကိုမှ ကွင်းဆင်းမေးမြန်းခဲ့ရာ ပိန်းစိုက်ပျိုးသူ တောင်သူ ဦးမြင့်ကြိုင်ထံမှ သိရသည်။

DOCA(ဧရာဝတီ)