နေပြည်‌တော်ကောင်စီနယ်မြေအတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချပေးနေမှုများ

Powered by Drupal

          ယနေ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာအချို့၌ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှဦးဆောင်၍ အထူးဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည်။

        “ ပျဉ်းမနားမြို့နယ်၊ ရှမ်းစုကြီးကျေးရွာနှင့် လဲလူးအိုင်ကျေးရွာတို့တွင် ဦးခင်မောင်မြင့် (ရွှေမင်းသားကုန်မျိုးစုံရောင်းဝယ်ရေး)မှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဆီပိဿာချိန်(၆၆၀)အား စျေးကားတစ်စီးဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ်၊ ရေအေးအုပ်စု၊ ရေအေးကျေးရွာတွင် ဆီပိဿာချိန် (၃၃၀)အား ဦးဇော်ဇော်လတ် (ဝင်းသီရိကုန်စုံဆိုင်)မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ရောင်းချပေးခဲ့ကြောင်း၊ ထို့အပြင် တပ်ကုန်းမြို့နယ်၊ အောင်မြေရိပ်သာကျေးရွာ၊ ပြိုင်အင်းကျေးရွာတို့တွင် ဦးမျိုးမင်း ( ဦးမျိုးမင်း+ မခက် ကုန်မျိုးစုံရောင်းဝယ်ရေး)မှ ဆီပိဿာချိန် (၃၃၀)အားစားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စျေးကားဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် ဦးအေးထွန်း(ပြည်လုံးချမ်းသာဆီစက်ပွဲရုံ)မှ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ လယ်ဝေးမြို့နယ်၊ ငှက်ပျောတောကျေးရွာနှင့် ကြံခင်းစုကျေးရွာတို့တွင် ဆီတစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် (၆၆၀)အား စားသုံးသူ ပြည်သူများ လက်ဝယ်အရောက် ဈေးကားဖြင့် လှည့်လည်ရောင်းချလျက်ရှိသည်”ဟု ဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

           ယခုလိုရောင်းချပေးနေမှုများကြောင့် စားသုံးသူပြည်သူများ အဆင်ပြေမှုများစွာရှိနေကြောင်းသိရှိရသဖြင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးမှုများကို အ‌ကောင်းဆုံးဆက်လက်လုပ်‌ဆောင်သွားမည်ဟု သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)