ပန်းတနော်မြို့နယ်ရှိ ကျေးရွာများရှိ ဆီရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များနှင့် မအူပင်ခရိုင်ဦးစီးမှူးတို့သည် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တို့နှင့်အတူ ကျေးရွာများရှိဆီရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ (၂၃-၆-၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဆီရောင်းချခွင့် စည်းမျဉ်း၊ စည်းကမ်းများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

       ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ ကျေးရွာနေ စားသုံးသူမိဘပြည်သူများ ဆီထုတ်ယူရာတွင် သက်ဆိုင်ရာဌာနဆို့၏ သတ်မှတ်စည်’ကမ်းချက်များနှင့်အညီ ရောင်းချခြင်းလုပ်ငန်းများကို လိုက်နာဆောင်ရွက်နိုင်စေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ ဆီရောင်းချသူလုပ်ငန်းရှင် ၂၀ဦးမှ သိရှိလိုသည်များမေးမြန်းကြပြီး ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)