ဓနုဖြူမြို့နယ်ရှိ စက်မှုလုပ်ငန်းများဖြင့် မုန့်ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်းအမှတ်အသား အကြောင်း အသိပညာပေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့နယ်ရှိ စက်မှုလုပ်ငန်းဖြင့် လုပ်ကိုင်နေသော မုန့်လုပ်ငန်းလုပ်ကိုင်သူ ၁၅ဦးအား စားသုံးသူကာကွယ် ရေးနှင့် ထုတ်ကုန်များနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များအကြောင်းကို လုပ်ငန်းရှင် အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်းကို ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး ခန်းမတွင် ၂၃-၆-၂၀၂၅ ရက်နေ့က နံနက်(၁၀၀၀)နာရီက ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆွေးနွေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဒေသတွင်းတပိုင်တနိုင် မုန့်လုပ်ငန်းအမျိုးမျိုး ထုတ်လုပ်ရောင်းချသူများဖြစ်သော မာယမုန့်လုပ်ငန်း၊ ကောင်းစံမရွှေးလုပ်ငန်း၊ အားမီမရွေးလုပ်ငန်း၊ ရွှေတြထွန်းပဲမုန့်၊ ဇကာကြီး သူမုန့်ဟင်းခါးအမှစ်လုပ်ငန်း၊ အခြားသော ပေါင်မုန့်၊ ကိတ်မှန်လုပ်ငန်းအမျိုးမျိုးမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်းကိုရှင်းလင်းဆွေးနွေးပြီး ဈေးကွက်မရောက်မှီကုန်စည်များ ဘေး အန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)ကုန် အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်စည်လုံခြုံစိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသား ထုတ်ကုန် ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပေးခြင်းကြောင့် စားသုံးသူများအနေဖြင့် ထုတ်ကုန်များအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး လိုက်နာဆောင်ရွက်နိုင်စေရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)