ပြည်မြို့နယ်အတွင်း အခြေခံလူတန်းစားများသို့ စားအုန်းဆီများရောင်းချ

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်မြို့နယ် ဆီကုန်သည်များပူးပေါင်း၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကိုရပ်ကွက်အလိုက် အခြေခံလူတန်းစားများသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျှက်ရှိကြောင်း သိရပါသည်။

          ဈေးကားများဖြင့်လှည့်လည်ရောင်းချမှုကို (၂၂.၇.၂၀၂၂)နေ့တွင် နဝင်းနယ်မြေအတွင်းရှိ အခြေခံလူတန်းစားများသို့လည်းကောင်း၊ (၂၃.၇.၂၀၂၂)နေ့တွင် ရွာဘဲနယ်မြေအတွင်း အခြေခံ လူတန်းစားများသို့လည်းကောင်း၊ (၂၄.၇.၂၀၂၂)နေ့တွင် ပြည်သာယာနယ်မြေအတွင်းရှိ အခြေခံ လူတန်းစားများသို့လည်းကောင်း ၊ (၃၀.၇.၂၀၂၂) နေ့တွင် ဂန္ဓမာ ကွက်သစ်ရှိ အခြေခံ လူတန်းစားများသို့လည်းကောင်း ၊ ဆင်စုရပ်ကွက် ပေါ်တော်မူရပ်အတွင်းရှိ အခြေခံလူတန်းစား များသို့ ရောင်းချပေးခဲ့ကြောင်း သိရှိိရပါသည်။

          ရောင်းချရာတွင် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိဿာကို အခြေခံရည်ညွှန်းဈေး (၄၉၀၀)ကျပ်နှုန်း ဘူးခွံ့အပါ တစ်ပိဿာကို (၅၂၀၀)ကျပ်ဖြင့် အိမ်ထောင်စု စုစုပေါင်း (၁၆၅၀) အတွက် စားအုန်းဆီ ပိဿာချိန် (၁၆၅၀) ပိဿာရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ရောင်းချမှုကို ပြည်မြို့နယ်ဆီလုပ်ငန်းရှင်များက ၎င်းတို့ရရှိသော ခွဲတမ်းများထဲမှ ရပ်ကွက်နေပြည်သူများသို့ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)