ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံဈေးတက်နေ

Powered by Drupal

          ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇူလိုင်လ တတိယပတ်မှာ ပဲဈေးများတက်လာခဲ့ပြီး ရန်ကုန်ဝယ်လက်နှင့် မြို့တွင်းရောင်းဝယ်မှုများရှိနေကြောင်း သိရှိရပါသည်။

          ပြည်ကုန်စည်ဒိုင်တွင်  မတ်ပဲအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး  ဇူလိုင်လတတိယပတ်တွင် ပဲတစ်တင်းကို ၅၃၀၀၀-၅၃၅၀၀ ကျပ်ဖြင့်  ရန်ကုန်အဝယ်တစ်ရက်ကို ၁၅၀/၂၀၀ခန့် အဝယ် ရှိပါသည်။ ဇူလိုင်လစတုတ္တပတ်တွင် မတ်ပဲတစ်တင်းကို ၅၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ် အနည်းငယ် ရှိခဲ့ပါသည်။

          ဇူလိုင်လတတိယပတ်တွင် ပဲစင်းငုံဈေးတက်လာပြီး ပဲတစ်တင်းကို ၄၅၅၀၀-၄၆၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိပါသည်။ စတုတ္တပတ်တွင် ပဲစင်းငုံ ဈေးထပ်တက်လာပြီး ပဲတစ်တင်းကို ၄၆၅၀၀ကျပ်ဖြင့် ရန်ကုန်သို့တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် တင်ပို့ပါသည်။

           ကုလားပဲသီးနှံဈေးမှာ ဇူလိုင်လ တတိယပတ်တွင် ကုလားပဲ(ဟော်လန်) တစ်တင်းကို ၅၁၅၀၀ - ၅၁၇၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၅၂၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက် သမားများ အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လကထက် ဈေးတက် လာခဲ့ပြီး ဇူလိုင်စတုတ္တပတ်တွင် ကုလားပဲဈေးတက်လာပြီး ကုလားပဲ(ဟော်လန်) တစ်တင်းကို ၅၂၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၅၂၅၀၀ ဖြင့်မြို့တွင်းခွဲစက်သမားများ ရန်ကုန်အဝယ်နှင့် နယ်စုံ တင်ပို့မှုရှိခဲ့ပါသည်။

       ပြည်ကုန်စည်ဒိုင်တွင်ပဲကြီးအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇူလိုင်လတတိယပတ်တွင် ပဲကြီး (ကမ်းနား)တစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၂၅၀/၃၀၀ခန့် အဝယ် ရှိခဲ့ပါသည်။ ဇူလိုင် စတုတ္တပတ်တွင် ပဲကြီး(ကမ်းနား) တစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး မြို့တွင်းပဲကြော်သမားနှင့် ရန်ကုန်အဝယ် အနည်းငယ် ရှိခဲ့ပါ သည်။

         ဇူလိုင်တတိယပတ်တွင်  စားတော်ပဲ(ကျွန်း)သီးနှံတစ်တင်းကို ၉၅၀၀၀-၁၀၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ပါသည်။ ဇူလိုင်လစတုတ္ထပတ်တွင်  စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၀၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပြီး တစ်ရက်ကို အိတ် ၂၀၀ခန့်အဝယ်ရှိခဲ့ပါသည်။

        ဇူလိုင်လတတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဈေးဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် အနည်းငယ်ရှိပြီး တစ်ရက်ကို အိတ် ၅၀/၁၀၀ခန့် အဝယ်ပါသည်။  ဇူလိုင်လ စတုတ္တပတ်တွင် ပဲဈေးအေးနေပြီး ဘိုကိတ်တစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ရှိခဲ့ပါသည်။

         ပြည်ကုန်စည်ဒိုင်တွင် ပဲဈေးများတက်နေပြီး ယခင်နှစ်ကဈေးထက် တက်နေပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း ယခင်နှစ်ကထက် ပိုကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)