အရောင်းအဝယ်အေးနေတဲ့ ပြည်ကြက်သွန်ဖြူဈေးကွက်

Powered by Drupal

           ပြည်ကြက်သွန်ဖြူပွဲရုံများတွင် ရှမ်းစလက်ကားအလုံးကြီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀-၃၅၀၀၊ အလုံးသေး တစ်ပိဿာလျှင် ကျပ် ၂၅၀၀-၂၈၀၀ဈေးရှိပြီး၊ လက်လီ အလုံးအကြီး အသေးရောရာ တစ်ပိဿာလျှင် ကျပ်၃၅၀၀-၄၀၀၀ဈေးရှိပါသည်။ ကြူကုတ်လက်ကား တစ်ပိဿာလျှင် ကျပ် ၃၄၀၀-၃၅၀၀၊ လက်လီ တစ်ပိဿာလျှင် ကျပ် ၃၈၀၀-၄၀၀၀ဈေးရှိပါသည်။ ယခုရက်ပိုင်းတွင် အခြားတိုင်းများသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲ ဒေသတွင်း လက်လီ/လက်ကား ဝယ်ယူသူများ ဖြင့်သာ အရောင်းအဝယ်ဖြစ်သော်လည်း အရောင်းအေးကြောင်းသိရှိရပါသည်။ ကြက်သွန်ဖြူ ရှမ်းစ အိတ်နှီးကြားတစ်အိတ်လျှင် ပိဿာချိန် ၆ ပိဿာမှ ၁၅ ပိဿာအထိပါဝင်ပြီး၊ ကြူကုတ် တစ်အိတ် လျှင် ပိဿာချိန် ၂၅ပိဿာမှ ပိဿာ ၃၀အထိပါဝင်၍ တစ်ပတ်လျှင် အိတ် ၃၀၀ခန့် အဝင်ရှိနေ သော်လည်း အရောင်းအဝယ်အေးနေသည့်အတွက် ရှမ်းပြည်၊ အောင်ပန်းနှင့် မန္တလေးဘက်မှ အဝင်များလည်းယခင်ရက်များထက်  အဝင်အေးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)