လှောင်မန်ကျည်းမှည့်များဒေသတွင်း အရောင်းအဝယ်သာရှိ

Powered by Drupal

            ပြည်မန်ကျည်းမှည့် (ပွဲရုံ)များတွင် လှောင်မန်ကျည်းမှည့်လက်ကျန်များဖြင့်သာ ဒေသတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မန်းကျည်းမှည့်ပွဲရုံများတွင် မန်ကျည်းမှည့် တစ်ပိဿာဈေးမှာ (အသား) ၃၆၅၀-၃၇၀၀ကျပ်နှင့် လက်လီဈေးမှာ (အသား) ဈေးတစ်ပိဿာ ၄၃၀၀ကျပ် ဈေးဖြင့် ရောင်းချနေပြီး ဈေးကွက်များတွင် အစေ့ပါ မန်ကျည်းမှည့်ကို ရောင်းချခြင်း မရှိတော့သည်ကို  တွေ့ရှိရပါသည်။ တစ်ပတ်အတွင်း မန်ကျည်းမှည့်ပိဿာချိန် ၆၀၀ကျော် အရောင်းအဝယ် ပုံမှန် ဖြစ်လျှက် ရှိပါသည်။ မန်ကျည်းသီးစိမ်း တစ်ပိဿာလျှင် ၂၈၀၀-၃၀၀၀ကျပ် ဈေးဖြင့်ရောင်းချလျှက် ရှိနေသည်ကိုလည်း တွေ့ရှိရပါသည်။       

DOCA(ပဲခူး)