ဒေသတွင်းဝယ်လက်နှင့်သာ အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ချင်းဈေးကွက်နှင့် ကြက်သွန်နီဈေးဆက်လက်မြင့်တက်

Powered by Drupal

          ပြည်ချင်းပွဲရုံများသို့ အောင်ပန်းချင်းတက် အခက်ကြီးများ အဝင်ပုံမှန်ရှိနေ သည်ဟု သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရောင်းဝယ်ရေးသမားများနှင့် လက်လီဈေး ရောင်းချသူများ အဝယ်ရှိနေပြီး ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း ဈေးငြိမ်ပြီး ရောင်းဝယ်လျှက်ရှိနေပါသည်။ ဇူလိုင်လနောက်ဆုံးပတ်တွင် ချင်းတစ်ပိဿာ (ပွဲရုံဈေး) ၉၀၀/၁၀၀၀ကျပ် အိတ်စွဲဈေး ဖြစ်ပြီး ချင်းသန့် လက်ကားဈေးတစ်ပိဿာလျှင် ၁၄၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချနေသည်ကို တွေ့ရှိရပါသည်။ လက်လီဈေးများတွင် တစ်ပိဿာ(ချင်းသန့်) ၂၀၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချလျှက်ရှိနေပါသည်။

          ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးမှာ ယခင်ဇွန်လဒုတိယပတ်တွင် လက်လီ/လက်ကား ၁ပိဿာလျှင် ကျပ် ၁၈၀၀-၂၀၀၀ရှိခဲ့ရာ ဇူလိုင်လနောက်ဆုံးပတ်တွင် ကျပ် ၂၀၀၀-၂၂၀၀ရှိ၍ တစ်ပိဿာလျှင် ကျပ် ၂၀၀နှုန်းခန့် မြင့်တက်သွားခဲ့ပါသည်။ ဝင်ရောက်မှုအနေနှင့် အောင်လံ၊ ဆိပ်ဖြူ၊ ရေနံချောင်းဘက်မှ ပိဿာ (၃၀)ဝင်အိတ် ၁၅၀ တစ်ပတ်လည်ခန့်ကို ရက်ခြားအဝင်ရှိနေ၍ အဝင်မှာ နည်းသွားပါသည်။ အရောင်းအဝယ်အနေဖြင့် ပုံမှန်သာအရောင်းအဝယ်ရှိနေပြီး ဈေးနှုန်းမှာ ပွဲရုံဈေး တစ်ပိဿာ (ကြီး/လတ်/သေး)ကျပ် ၂၀၀၀/၁၉၀၀-၁၈၀၀/၁၇၀၀နှင့် လက်လီဈေး အသေးများတွင် ကျပ် ၂၃၀၀-၂၂၀၀/၂၁၀၀-၂၂၀၀/၁၉၀၀ နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)