
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ပုသိမ်မြို့၊ မင်းကြီးလမ်းရှိ ဖြိုးမိုး အချိုရည် လက်လီ/လက်ကား ဖြန့်ဖြူးသည့် ဆိုင်သို့ ထိုင်းဘာသာဖြင့် ဖော်ပြထားသော Sprite အချိုရည်များ ရောင်းချမှု ရှိ/မရှိဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထိုင်းဘာသာဖြင့် ဖော်ပြထားသော Sprite အချိုရည်များအား ရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် အချိုရည်များအား ထားသိုသိမ်းဆည်းရာတွင်လည်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့စွာ မထားရန် ပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)