မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင်Signal သွားတိုက်ဆေးအတုများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည်(၂၃.၆.၂၀၂၅)ရက်နေ့၊ ညနေ(၀၃း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ လပွတ္တာမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် Signal သွားတိုက်ဆေးအတုများရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာ လပွတ္တာမြို့နယ်တာဝန်ခံမှ ဈေးကွက်အတွင်းတွင် unilever စိးပွားရေးလုပ်ငန်းစု၏ လုပ်ငန်းအစိတ်အပိုင်းဖြစ်သော unilever EAC Myanmar Co.,Ltd မှ ယင်းတို့ထုတ်လုပ်ဖြန့်ဖြူးရောင်း ချနေသည့် signalသွားတိုက်ဆေး signal cavity fighter Toothpaste 150gအား ဈေးကွက်အတွင်း ကုန်ပစ္စည်းအတုပြုလုပ်ရောင်း ချနေကြောင်းသိရှိသဖြင့် အထက်လမ်းညွှန်မှု့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ close upသွားတိုက်ဆေးနှင့် Colgate သွားတိုက်ဆေးများသာရောင်းချမှုရှိပြီး အဆိုပါ signalသွားတိုက်ဆေးမှာ လွန်ခဲ့သောတစ်လခန့်ကစပြီး လာရောက်ရောင်းချရာ မတွေ့ရကြောင်း ဈေးရောင်းချသူများပြောကြားချက်အရ သိရှိရပြီး လပွတ္တာမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် signal သွားတိုက်ဆေးအတုများ ရောင်းချမှုမရှိပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)