ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ ဇူလိုင်လအတွင်း အရောင်းအဝယ်ဖြစ်မှုနှင့် သီးနှံဈေးနှုန်းများ

Powered by Drupal

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

          ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ဇူလိုင်လအတွင်း ပဲတီစိမ်းနှင့် နှမ်းနက်များ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ပဲတီစိမ်းတစ်တင်းလျှင် အနိမ့်ဈေး(၄၀၀၀ဝိ/-)ရှိပြီး အမြင့်ဈေး(၄၃၀၀ဝိ/-)ရှိသဖြင့် တစ်တန်လျှင် အနိမ့်ဈေး(၁၂၂၄၄၀ဝိ/-)နှင့် အမြင့်ဈေး(၁၃၁၆၂၃ဝိ/-) ပေါက်ဈေးရှိခဲ့ကြောင်း၊ နှမ်းနက်တစ်တင်းလျှင် အနိမ့်ဈေး(၇၀၀၀ဝိ/-)ရှိပြီး အမြင့်ဈေး(၇၅၀၀ဝိ/-)ရှိသဖြင့် တစ်တန်လျှင်အနိမ့်ဈေး (၂၈၅၆၇၀ဝိ/-)နှင့် အမြင့်ဈေး(၃၀၆၀၇၅ဝိ/-) ပေါက်ဈေးရှိခဲ့ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲတီစိမ်း(၁၃၀၀၀) တင်း/ (၄၂၅)တန်နှင့် နှမ်းနက်(၁၇၅၀)တင်း/(၄၃)တန်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်လ အရောင်းအဝယ်ဖြစ်မှုနှင့်နှိုင်းယှဉ်ပါက ဇွန်လတွင်လည်း ပဲတီစိမ်းနှင့် နှမ်းနက်များသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲတီစိမ်း (၁၁၅၅၀၀)တင်း/ (၃၇၇၃)တန်၊ နှမ်းနက်(၁၁၂၀၀)တင်း/ (၂၇၄)တန် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ဇူလိုင်လ အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ ဇွန်လနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း(၁၀၂၅၀၀)တင်း/ (၃၃၄၈)တန်နှင့် နှမ်းနက် (၉၄၅၀)တင်း/(၂၃၁)တန် လျော့နည်းခဲ့ကြောင်း၊ လျော့နည်းရခြင်းမှာ နွေပဲတီစိမ်းနှင့် နွေနှမ်းများ ရာသီကုန်၍ တောင်သူများထံတွင် လက်ကျန်နည်းပါးခြင်းကြောင့်ဖြစ်နိုင်ကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်၏ စာရင်းများအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)