တမူးမြို့နယ်စပ်စခန်း၏ ကုန်သွယ်မှုအခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့၊ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ( ၇/၂၀၂၂ ) လ အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာသန်း ( .၇၇၅ ) သွင်းကုန် အမေရိကန်ဒေါ်လာသန်း ( .၈၁၂ ) စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ( .၅၈၇ ) အမေရိကန်ဒေါ်လာ ရှိခဲ့ပြီး၊ ပို့ကုန်ပစ္စည်းများ အနေဖြင့် စီးကရက်၊ နန်းဖာလုံကုန်စုံများ၊ ကွမ်းသီးနှင့် မက်မွန်သီးများဖြစ်ကြပြီး သွင်းကုန် အနေဖြင့် ဓါတ်မြေသြဇာ၊ ဂျုံမှုန့်၊ ဆံပင်များ ဖြစ်ပါသည်။ ဇူလိုင်လအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းမှ ပို့ကုန်လျာထားချက်အနေဖြင့် အမေရိကန်ဒေါ်လာ ၄.၃၀၀ သန်း ဖြစ်ပြီး အမှန်တကယ် ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၀.၇၇၅ သန်း တင်ပို့နိုင်ခဲ့သည့်အတွက် လျာထားချက်ထက် အမှန်တင်ပို့နိုင်မှုမှာ ရာခိုင်နှုန်းအနေဖြင့် ၁၈.၀၂ % သာ ရှိခဲ့ပါသည်။ သွင်းကုန်လျာထားချက်အနေဖြင့် အမေရိကန်ဒေါ်လာ ၀.၂၀၀ သန်း ဖြစ်ပြီး အမှန်တကယ် တင်သွင်းနိုင်မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၀.၈၁၂ သန်း အမှန်တင်သွင်း နိုင်ခဲ့ပြီး ရာခိုင်နှုန်းအနေဖြင့် ၄၀၆.၀၀%  ရှိခဲ့ပါသည်။ ဇူလိုင်လအတွင်း ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏပိုမိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)