နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်မှဆောင်ရွက်နေသည့် သက်သာသော ဈေးနှုန်းဖြင့် တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများလက်ဝယ်အရောက် ရောင်းချနေမှုကို ယနေ့ ၅-၈-၂၀၂၂ ရက်နေ့တွင် ဌာနဆိုင်ရာနှင့် ကျေးရွာများသို့ ရောင်းချမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။
“ ဆီလုပ်ငန်းရှင် ဒေါ်နန်းခရေဝင်း (မနန်းကုန်မျိုးစုံရောင်းဝယ်ရေး)နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒေါ်စောမာလာနွယ်တို့ဦးဆောင်၍ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ဝန်ထမ်းတစ်ဦးကို တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၆၆၀ ကိုရောင်းချပေးခဲ့ကြောင်း၊ ဆက်လက်၍ ဆီလုပ်ငန်းရှင်ဒေါ်ခင်ဥမ္မာအောင် (မမြတ်ကုန်မျိုးစုံရောင်းဝယ်ရေး)မှ ဒက္ခိဏသီရိမြို့နယ်၊ ဆယ်စုကျေးရွာ၊ ညောင်ကုန်းကျေးရွာတို့တွင် ပိဿာချိန် ၆၆၀ ကို တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးသူပြည်သူများ လက်ဝယ်အရောက် ဈေးကားဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်း” သိရှိရပါသည်။
ထို့နောက် “တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာ၊ ပျော်ရွာ၊ မြောက်ရွေးစုကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဒေါဖြိုးဖြိုးထိုက်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးခင်မောင်ဆွေတို့ ဦးဆောင်၍ ဆီပိဿာချိန် ၆၆၀ ကို ဈေးကားဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာနှင့် ကျားသေအိုင်ကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဒေါ်သာယာနုဝေစံမှ ဆီပိဿာချိန် ၆၆၀ ကို ဈေးကားဖြင့် တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း” သတင်းရရှိပါသည်။
DOCA (ပြည်ထောင်စုနယ်မြေ)