
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို စီးပွားဖြစ်အနေဖြင့်သော်လည်းကောင်း တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း၊ စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသော ခရမ်းကြွပ်သီးများကိုလည်း မုံရွာမြို့၊ ဈေးဟောင်းတွင်လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။ ခရမ်းကျွတ်သီးကို (၁၂)လ ရာသီပတ်လုံး စိုက်ပျိုးပြီး ခူးစွတ်နိုင်ကြောင်းလည်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ခရမ်းကြွပ်သီး(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခရမ်းကြွပ်သီး (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းကြွပ်သီးကို ထမင်းဝိုင်းတွင် ငပိရည်နှင့်တွဲဖက်၍ တို့စာရာအဖြစ်စားသုံးကြကြောင်း၊ ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)