မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ ပြည်ထောင်စုဈေး၊ မန်းကျည်းပင်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများအနေဖြင့် ရာသီစာ ဒညှင်းသီး ( ၁ )လုံးလျှင် ၂၀၀ ကျပ်၊ ရုံးပတီသီး ( ၂၅ )ကျပ်သားလျှင် ( ၇၀၀) ကျပ်၊ မန်းကျည်းရွက်နု ( ၁၀) ကျပ်သားလျှင် ( ၈၀၀)ကျပ်၊ ပဲတောင့်ရှည်သီး ( ၂၅ )ကျပ်သားလျှင် (၈၀၀) ကျပ်၊ ၊ ဘူးရွက် ( ၃ )စည်းပါ တစ်ထုံးလျှင် ( ၅၀၀)ကျပ်၊ ကန်စွန်းရွက် ( ၁ ) စည်းလျှင် ( ၂၀၀)ကျပ်၊ တရုတ်နံနံ၊ ပင်စိမ်းနှင့် နံနံပင် ( ၁ ) စည်းလျှင် (၁၀၀ )ကျပ်၊ ချဉ်ပေါင် ( ၃)စည်းလျှင် ( ၅၀၀)ကျပ် ဈေးနှုန်း အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)