ကျွန်းလှမြို့တွင် ရောင်းချနေသော သခွပ်ပွင့်ခြောက်ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီစာသီးနှံ များ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါ တွင် ရာသီစာ သခွပ်ပွင့်ခြောက်များကို ရွှေဘိုမြို့နယ်တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေ သည့် သခွပ်ပွင့်ခြောက် ဈေးနှုန်းများမှာ သခွပ်ပွင့်ခြောက် လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်နှင့် လက်တွင်း တစ်ဆုပ်စာ(၁)ပုံလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး သခွပ်ပွင့်သည် လူကြိုက်များ ပြီး ဆေးဘက်ဝင်သော အပွင့်တစ်မျိုးဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)