
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၃.၇.၂၀၂၅) ရက်နေ့၊ မြို့နယ်ဦးစီးမှူးရုံး၌ မြို့ပေါ်(၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၇) အုပ်စု၊ ကျေးရွာပေါင်း (၃၉၄) ရွာရှိ စားသုံးဆီလက်လီအရောင်းဆိုင်များမှ လုပ်ငန်းရှင် (၂၀၅) ဦးတို့အား စားသုံးဆီဖြန့်ဝေမှု၊ ရောင်းချမှုများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အလေးချိန်မှန်ကန်စွာဖြင့် သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာရောင်းချရန် ပြောကြားခဲ့ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)