
မန္တလေးဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်ဘက်မှလာသော ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများအပြင် ပြင်ဦးလွင်ဒေသထွက် ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီများ အနည်းငယ်သာဝင်ရောက်လျှက်ရှိပါသည်။ ဆောင်းရာသီ စာများဖြစ်သော မုံညင်း၊ ကိုက်လန်၊ ဆလပ်ရွက် တို့နှင့်အတူ ထွက်ပေါ်လာခြင်းဖြစ်ပြီး ယခုအခါ မိုးရာသီဖြစ်၍ ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများ အနည်းငယ်သာ ဝင်ရောက်ခဲ့ခြင်းကြောင့် ဈေးနှုန်းများ တက်လျှက်ရှိပါသည်။ ဒီဇင်ဘာလဆန်းပိုင်း တွင်ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီများ အကြီးတစ်ပွင့်လျှင်(၁၅၀၀/၂၀၀၀)ကျပ်၊ အသေးတစ်ပွင့် လျှင်(၁၀၀၀/၁၅၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ရှိခဲ့ရာမှ ဖေဖော်ဝါရီ ဒုတိယအပတ်တွင် ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီအကြီးတစ်ပွင့် လျှင်(၁၀၀၀/၁၅၀၀)၊ အသေးတစ်ပွင့်လျှင်(၇၀၀/၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်း ဝယ်လျှက်ရှိခဲ့ရာမှ ယခု ဇူလိုင်လဆန်းပိုင်တွင် ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီအကြီးတစ်ပွင့်လျှင် (၂၀၀၀/၂၅၀၀)ကျက်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရသည်။ စတင်ထွက်ပေါ်ချိန်နှင့် ယခုအချိန်နှိုင်းယှဉ်ကြည့်ပါက ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီဈေးနှုန်းများ သိသိသာသာ ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
DOCA(မန္တလေး)