Main menu

ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီဈေးကွက်

Powered by Drupal
မန္တလေးဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်ဘက်မှလာသော ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများအပြင် ပြင်ဦးလွင်ဒေသထွက် ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီများ အနည်းငယ်သာဝင်ရောက်လျှက်ရှိပါသည်။ ဆောင်းရာသီ စာများဖြစ်သော မုံညင်း၊ ကိုက်လန်၊ ဆလပ်ရွက် တို့နှင့်အတူ ထွက်ပေါ်လာခြင်းဖြစ်ပြီး ယခုအခါ မိုးရာသီဖြစ်၍ ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများ အနည်းငယ်သာ ဝင်ရောက်ခဲ့ခြင်းကြောင့် ဈေးနှုန်းများ တက်လျှက်ရှိပါသည်။ ဒီဇင်ဘာလဆန်းပိုင်း တွင်ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီများ အကြီးတစ်ပွင့်လျှင်(၁၅၀၀/၂၀၀၀)ကျပ်၊ အသေးတစ်ပွင့် လျှင်(၁၀၀၀/၁၅၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ရှိခဲ့ရာမှ ဖေဖော်ဝါရီ ဒုတိယအပတ်တွင် ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီအကြီးတစ်ပွင့် လျှင်(၁၀၀၀/၁၅၀၀)၊ အသေးတစ်ပွင့်လျှင်(၇၀၀/၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်း ဝယ်လျှက်ရှိခဲ့ရာမှ ယခု ဇူလိုင်လဆန်းပိုင်တွင် ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီအကြီးတစ်ပွင့်လျှင် (၂၀၀၀/၂၅၀၀)ကျက်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရသည်။ စတင်ထွက်ပေါ်ချိန်နှင့် ယခုအချိန်နှိုင်းယှဉ်ကြည့်ပါက ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီဈေးနှုန်းများ သိသိသာသာ ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ DOCA(မန္တလေး)