
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုး နှင့်ဝန်ထမ်းသည် (၇.၇.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် ကျူံမငေးမြို့နယ် စည်ပင်သာယာရေး ရုံးခန်းတွင် ကုန်မျိုးစုံလုပ်ငန်းရှင် များအားခေါ်ယူ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံမှ ကျုံမငေးမြို့ စည်ပင်သာယာရေးရုံးခန်းတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား ကုန်ပစ္စည်းများရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီစနစ်တကျ ဖြန့်ဖြူး ရောင်းချကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လုပ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားလုပ်ငန်း၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ကြောင်း ဟောပြော ဆွေးနွေးခဲ့ပါသည်။ ထို့ဟောပြောတွေ့ဆုံပွဲသို့ ကုန်မျိုးစုံ လုပ်ငန်းရှင် (၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA( ဧရာဝတီ)