
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဇူလိုင်လ (၈)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှကျေး လက်လမ်းဖွံ့ဖြိုးရေး ဥပဒေအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်က ကျေးလက်လမ်း ဖွံ့ဖြိုးရေးဥပဒေကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၃၈/၂၀၂၅) ၂၀၂၅ခုနှစ် မေလ (၁၆)ရက်နေ့ တွင် ပြဌာန်းခဲ့ကြောင်း အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များနှင့် အထွေထွေ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသုများက သိရှိလိုသည် များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တွံတေးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး၊ ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ အင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)