
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင် ရွက်လျက်ရှိပါသည်။
မုံရွာခရိုင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၃) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)တို့သည် ( ၁၁.၆.၂၀၂၅ ) ရက်နေ့တွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ “ဝိုင်းအုံ” လက်ဖက်လုပ်ငန်းရှင်၊ (၁၉.၆၂၀၂၅) ရက်နေ့တွင် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ “ဟက်ပီးဝမ်း” မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် “အိုပီယမ်” မုန့်မျိုးစုံလုပ်ငန်းရှင် များနှင့် တွေ့ဆုံပြီးစားသုံးသူကာကွယ် ရေးဥပဒေပါအကြောင်းအရာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအားအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)