
မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက် သည့်ပဲလွန်းဖြူသီးနှံများဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ပဲလွန်းဖြူမှာပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံ စိုက်ပျိုး မှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧက ဖြစ် ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲလွန်းဖြူ ၂၆၀၀၀၀ ကျပ်နှင့် ၂၆၅၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ၄၃၃၃ ကျပ်နှင့် ၄၄၁၇ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ် လျှင် ပဲလွန်းဖြူ ၂၈၀၀၀၀ကျပ်နှင့် ၂၈၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ၄၆၆၇ကျပ်နှင့် ၄၇၅၀ကျပ် တို့ ဖြစ်ပြီး၊ ယခင်နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲလွန်းဖြူစျေးမှာ လျော့နည်းသွားကြောင်း တွေ့ ရှိရ ပါသည်။
DOCA(မန္တလေး)