စပျစ်သီးစျေးအနည်းငယ်တက်

Powered by Drupal

     မန္တလေးသစ်သီးစျေးကွက်သို့  ဇူလိုင်လဒုတိယပတ်အတွင်း  ရမည်းသင်းဒေသထွက် စပျစ်သီးဝင်‌ရောက်မှုလျော့နည်းလာသည့်အတွက် စျေးအနည်းတက်သွားကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်မှ ထွက်ရှိသည့်စပျစ်သီးဝင်ရောက်မှုများပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှလည်း  ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးသစ်သီးစျေးကွက်တွင်  ၂၀၂၅  ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း စပျစ်သီး‌စျေး တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး)  ၉၀၀၀  ကျပ်   နှင့် ၁၂၀၀၀ကျပ်၊ စပျစ်သီးအချွန်မျိုး ၈၀၀ဝကျပ်  နှင့် ၉၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး) ၇၀၀၀ ကျပ် နှင့် ၈၀၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ သစ်သီးမျိုးစုံအရောင်းသွက်သည့် ဝါတွင်းကာလ စပျစ်သီးမှာ စျေးအနည်းငယ်တက်သော်လည်းအရောင်းသွက်လျက်ရှိသည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)