မြိတ်ခရိုင်၏ ပေါ်ဦးပေါ်စ ဝါးပလုတ်များနှင့် စျေးနှုန်းစျေးကွက်

Powered by Drupal

     ဝါးပလုတ်ကို နှစ်တစ်နှစ် မိုးဦးကာလများတွင်သာ စတင်ရရှိပါသည်။ ပေါ်ဦးပေါ်စဖြစ်သောကြောင့် စျေးကောင်းရရှိပြီး မြိတ်ခရိုင်အတွင်း စျေးနှင့် အအေးဆိုင်များသို့ ရောင်းချကြသလို ရန်ကုန်နှင့် အခြားတိုင်းများသို့ တင်ပို့လျက်ရှိပါသည်။ မြိတ်ခရိုင်တွင် ဝါးပလုတ်ကို ကျေးရွာများတွင် အဓိကထား လုပ်ကိုင်ကြသည်။ သဘာဝအလျောက်ရရှိပြီး ဘေးဥပုတ်အန္တရာယ်ကင်းသောကြောင့် ပျားရည်၊ နို့ဆီ၊ နို့စိမ်းသကြားတို့နှင့်ဖျော်ကာ တွဲဖက်၍ သောက်သုံးလေ့ရှိပါသည်။

    မြိတ်မြို့တွင် ဇူလိုင်လ(၁၄)ရက်နေ့စျေးနှုန်းအရ ဝါးပလုတ်ဗူးလတ်တစ်ဗူးလျှင် (၇၀၀၀) ကျပ် ခန့်ရှိပြီး ဗူးကြီးတစ်ဗူးလျှင် (၉၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)