ပြည်နယ်အတွင်းသို့ ကုန်စည်များ ပုံမှန်လည်ပတ်လျက်ရှိ

Powered by Drupal

      ကယားပြည်နယ်သည် ကုန်စည်စီးဆင်းမှုမှာ ပုံမှန်ရောင်းဝယ်လည်ပတ်လျက်ရှိပြီး ဇူလိုင်လအတွင်း အခြားတိုင်းဒေသကြီး / ဒေသများမှ ပြည်နယ်အတွင်းသို့ အိမ်ဆောက်ပစ္စည်း အချို့ဘိလပ်မြေ (၇၀၄၀)အိတ် နှင့် လူသုံးကုန်ပစ္စည်းများ ၊ လယ်ယာထွက်ကုန်သီးနှံများ၊ စားဖိုဆောင်အသုံးပြု ကုန်စည် များ ဝင်ရောက်လျက်ရှိရာ ယခင်လ ဆန်တင်သွင်းမှုများမှာ (၁၉၅၀)အိတ်၊ (၉၈)တန်နှင့် ဆီတင်ပို့မှုမှာ (၁၀၇၅)ဗူး ၊  ကြက်သွန်နီ တင်သွင်းမှုမှာ (၁၉၆၅ )အိတ်၊ ကုန်မျိုးစုံကား (၆၁) စီး ၊ ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ (၁၀၉ )အိတ် (၅)တန်၊  ပဲအမျိုးမျိုးတင်ပို့မှုမှာ (၁၉၅၄) အိတ်၊ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

         ယခုလဒုတိယပတ်အတွင်း ကုန်စည်စီးဝင်မှုမှာ ဆန်တင်သွင်းဝင်ရောက်မှုမှာ (၂၀၆၀) အိတ် (၁၀၃) တန်၊  ကုန်မျိုးစုံကား (၅၃) စီး ၊ ဆီ (၁၅၃) ပုံးနှင့် ဆီ( ၈၉၂)ဂျပ်ဖာ၊ဘိလပ်မြေ (၁၅၁၃၂)အိတ် ၊ ကြက်သွန်နီ တင်သွင်းမှုမှာ (၆၅၆) အိတ်၊ ပြည်နယ်မှ ဆန်အထွက် (၄၄၅)အိတ် (၂၂)တန် ၊ ပဲစဉ်းငုံ (၉၉၀)အိတ်၊ (၄၉.၅)တန်တင်ပို့ခဲ့ကြောင်း၊ ယခင်လနှင့် ယခုလနှိုင်းယှည်မည်ဆိုလျှင် ပြည်နယ်အတွင်းသို့ ဆန်တင်သွင်း ဝင်ရောက်မှုမှာ (၁၁၀)အိတ် ၊ ၅၅တန် ပိုလာကြောင်း ၊ ဘိလပ်မြေ (၈၀၉၂) အိတ်ပို ဝင်ရောက်လာကြောင်း၊ လွိုင်ကော်မှ အခြားမြို့များသို့ ဆန်တင်ပို့မှုမှာ (၃၃၆)အိတ် ၊(၁၇) တန်ပိုမို တင်ပို့လာနိုင်ကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါတယ်။

DOCA(ကယား)