မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ရေလိန်ကျေးရွာတွင် မိုးစပါးစိုက်ပျိုးနေမှုအား မြို့နယ်စိုက်တိုးမြင့်အဖွဲ့မှ သွားရောက်ကြည့်ရှု

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့တို့နှင့်အတူ (၁၂.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀) နာီအချိန်တွင် ဝါးခယ်မမြို့နယ်ရှိ ရေလိန်ကျေးရွာ ကွင်းအမှတ်(၁၀၁၄ က)၊ ဦးပိုင်အမှတ်(၁/၂)ရှိ တောင်သူ ဦးခင်မောင်ရီ၏ လယ်မြေ(၃.၀၀)ဧကတွင် မိုးစပါးစိုက်ပျိုးနေမှုအား မြို့နဘ်စိုက်တိုးမြှင့်အဖွဲ့မှ သွားရောက်ကြည့်ရှု့ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်တိုးမြင့်အဖွဲ့ ဥက္ကဌမှ တောင်သူလယ်သမားများနှင့်တွေ့ဆုံ၍ မိုးစပါးအချိန်မှီ စိုက်ပျိုးပြီးစီးနိုင်ရေး၊ ဓာတ်မြေဇာများအား လိုသလောက်စနစ်တကျအသုံးပြုနိုင်ရေး သဘာဝမြေသဇာများကိုလည်း စိုက်ပျိုးကုန်ကျစရိတ်သက်သာနိုင်ရေးအတွက် ထည့်သွင်းအသုံးပြုကြရန်၊ စပါးပင်များပိုးကျမှု မရှိစေရေးအတွက် ပိုးသက်ဆေးများကိုလည်း စနစ်တကျအသုံးပြုတက်စေရန် လိုအပ်ကြောင်း၊ နည်းပညာများ လိုအပ်ပါက စိူက်ပျိုးရေးဦးစီးဌာနနှင့်ချိတ်ဆက်၍ ဆောင်ရွက်နိုင်ကြောင်းပြောကြားပြီး မျိုးပွားစပါးပျိုးထောင်၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှု့ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)