
ဓနုဖြူမြို့နယ် ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်အရောင်းဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးခြင်းကို (၁၅-၇-၂၀၂၅)ရက်နေ့ နေ့နေ့လယ်(၀၂း၀၀)နာရီအချိန်တွင် အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇) ရပ်ကွက်၊ တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့၀င်တို့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့က ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။
ထို့နောက် ဓနုဖြူမြို့နယ် ဆန်ဆိုင်(၈)ဆိုင်အား စစ်ဆေးဆောင်ရွက်ရာတွင် ဆန်အိတ်များကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရောင်းချမှုမရှိဘဲကြာရှည်စွာ သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေး၏ (၈%)ထက် ပိုမိုရောင်းချခြင်းများဆောင်ရွက်ပါကအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရောင်းချနေသော ဆန်အမျိုးအစားအလိုက် ဇူလိုင်လ သတ်မှတ်ရညညွှန်းဈေးနှင့် ကိုက်ညီမှု ရှိမရှိ တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပီဲး MyRoတွင် မှတ်ပုံတင်သက်တမ်းဆောင်ရွက်ပြီး ဆိုင်မှာ သက်တမ်း ၁နှစ်ပြည့်မြှောက်ပြီဖြစ်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်နိုင်ရန် အသိပေးပြောကြားခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အသိပညာပေးပြောကြားဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)