
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာ ဦးစီဌာနမှ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့၊ ပန်းပဲစု ကျေးရွာရှိ (အ.ထ.က ခွဲ)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါ အသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူကာကွယ်ရေး ဥပဒေနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Centre များ ဖွင့်လှစ်ထားရှိကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm website မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/မ (၁၂) ဦးနှင့် ကျောင်းသား/သူ (၂၂၀) ဦး၊ စုစုပေါင်း (၂၃၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)