
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းကို (၁၆-၇-၂၀၂၅)ရက်နေ့ နေ့လယ်(၀၂း၀၀) နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူများ၊ ထုတ်လုပ်သူများနှင့် လုပ်ငန်းရှင်များအတွက် ကာကွယ်နိုင်ရန် စားသုံးသူကာကွယ် ရေးဥပဒေ အခန်း(၁၈)ပါ ကုန်းအညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပုဒ်မ (၄၁)၊ ပုဒ်မ(၄၂)၊ ပုဒ်မ(၄၃)တို့အား ရှင်းလင်းပြောကြားပြီး၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ကုန်စည်တွင် ပါဝင်သည့် ကုန်ကြမ်းပစ္စည်းအမျိုးအစား၏ ပမာဏ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ၊ ကြိုတင်သတိပေးချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် သိသာထင်ရှားစွာ ရိုက်နှိပ်ဖော်ပြရန်တို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုခရိုင်ဦးစီးမှူးက စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြန်လည် ရှင်းလင်းပြီး လုပ်ငန်းရှင်း ၇ဦးတက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)