အလှကုန်များအား ကုန်အညွှန်းအမှတ် ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး​ဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၆-၇-၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် ဓနုဖြူမြို့ပေါ်ရှိ  အလှကုန်ပစ္စည်းများ ရောင်းချနေ​သော ကုန်စုံဆိုင်များ သို့သွားရောက်၍ ကုန်စည်များပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ၁၈ ပါ ပြဌာန်းချက်များအရ ကုန်အညွှန်း အမှတ် အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိမရှိ ကိုမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်ဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့၏ ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။

           ထိုသို့စစ်ဆေးရာတွင်  စျေးကွက်အတွင်း ထုတ်လုပ်တင်သွင်းရောင်းချလျက်ရှိ​သော အလှကုန်ပစ္စည်းအမျိုးမျိုးပေါ်တွင် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေး ဥပ​ဒေ ပုဒ်မ (၄၃)အရ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်​စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့တစ်ခုထက်ပို၍ဖြစ်​စေ တွဲလျက်ဖော်ပြရမည်ဖြစ်​ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအ​နေဖြင့်  လိုက်နာ​ဆောင်ရွက်ခြင်းရှိမရှိ စျေးကွက်​စောင့်ကြည့်စစ်​ဆေးခြင်း​ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)