
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံး သူကာကွယ်ရေးအသိ ပညာပေး Talk Showကို (၁၇-၇-၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဓနုဖြူလူထုအခြေပြု ဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဈေူကွက်မရောက်မှီ ကုန်စည်များကို စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး၊ စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကို ရှင်းလင်းခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများရှိကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး./ ပြည်နယ်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှုး ရုံးတွေမှာဖွင့်လှစ်ထားသော(CICC) စားသုံးသူသတင်းပြန့်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ၊ Online မှတစ်ဆင့်တိုင်ကြားလိုသည့် ပြည်သူများအနေဖြင့် www.doca,gov,mn website တို့မှာပါတဲ့ Consumer Complaint System ရဲ့ တိုင်ကြားလွှာပုံစံမှာ အချက်အလက် တွေဖြည့်သွင်းပြီးတော့ တိုင်ကြားနိုင်သလို MPT, Mytel, Atom, Ooredoo ဖုန်းဆင်းကဒ် အသုံးပြုသူအနေနဲ့ Consumer Center (၁၅၃၅) သို့ တိုက်ရိုက် ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် စားသုံးသူ မိဘပြည်သူ တွေနစ်နာဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပါက ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနမှ အမြဲတမ်းကူညီ ဆောင်ရွက်ပေးနေကြောင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)