ကန့်ဘလူမြို့မဈေး၌ ရောင်းချလျက်ရှိသော ဝက်သားနှင့်အမဲသားဈေးနှုန်းများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း  ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ဝက်သားဈေးနှုန်းများမှာ အသားသန့်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း  အမဲသား(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း အသားဈေးနှုန်းများ တည်ငြိမ်လျက်ရှိ ကြောင်း၊ ဝက်သားနှင့် အမဲသားများကို အိမ်ရှင်မများက ဝယ်ယူကြသလို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များက ဝယ်ယူလျှက်ရှိကြောင်း၊ အသားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)