
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၂၂.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ပညာတံခွန်ခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေး ပေါ်ပေါက်လာပုံတို့ကို ရှေးဦးစွာ အသိပညာပေးပြောကြားခဲ့ပြီး ဆက်လက်၍ ဒေါ်နီလာဦး၊ ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပါယ် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းများအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၁၄၇)ဉီး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)