
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်း သိရပါသည်။ မြိတ်မြို့ ပေါ်တွင် စိုက်ပျိုးသီးနှံများဖြစ်သည့် ငရုတ်သီး၊ သခွားသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ပဲသီး၊ ဘူးသီး၊ ချဥ်ပေါင်ရွက်၊ ကန်စွန်းရွက်နှင့် အစရှိသည့် စိုက်ပျိုးသီးနှံများ စိုက်ပျိုးကြပါသည်။ စာဖိုဆောင် သီးနှံဖြစ်သည့် ငရုတ်သီးစိမ်းများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး စမ်းချောင်းကုန် စိမ်းဈေး၊ စည်ပင် သာယာဈေးကြီးနှင့် အခြားဈေးငယ်များသို့ ရောင်းချကြကြောင်း သိရှိရပါသည်။
ယခု၂၀၂၅ခုနှစ်ဇူလိုင်လစတုတ္ထပတ်တွင် မြိတ်မြို့ပေါ်ရှိ ငရုတ်သီးဈေးနှုန်းမှာ နို့ဆီဗူး တစ်ဗူး လျှင် (၆၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၅၅၀၀)ကျပ်ရှိကြောင်း ကုန်စိမ်းရောင်းချနေသူများ ထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)