ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ဆူးပုတ် ကြီး/ သေးဈေးနှုန်းများ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ဒေသများဖြစ်သော ကျွဲရဲ၊ မအူ၊ ဘုမ္မနိုး၊ ညောင်ဖြူပင်၊ အမြင့်ကျေးရွာများမှ သီးနှံစိုက်တောင်သူများသည် စားဖိုဆောင် သီးနှံဖြစ်သည့် ဆူးပုတ်သေးနှင့် ဆူးပုတ်ကြီးပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေး၊ ပြည်ထောင်စု ဈေးနှင့်  ဝန်ထမ်း အိမ်ရာရှိ နန္ဒဝန် ဈေးသစ်တို့တွင် ရောင်းချနေသော ဆူးပုတ်သေးများအနေဖြင့် (၁၀) ကျပ်သားလျှင် ( ၉၀၀) ကျပ်ဖြင့်လည်းကောင်း၊ ( ၁ )ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဆူးပုတ်ကြီး( ၃) စည်းပါ တစ်ထုံးလျှင် ( ၅၀၀) ကျပ်ဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)