
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၇.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခန်းမတွင် တောင်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စာသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ပုဒ်မ၄၂ပုဒ်မခွဲ(ခ)နှင့်(ဂ) တို့ပါ ကုန်စည်၏ အမျိုးအမည်၊အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်း နှင့်ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများ အလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်မျာအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူ စားသောက်ကြရန်၊ ဟောပြောပွဲသို့ တောင်သူ (၂၀)ဦးအား ဟောပြောဆွေးနွေးခဲ့ပါသည်။
DOCA (ဧရာဝတီ)