
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို (၆-၈-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ၂ရပ်ကွက်၊ ၃ရပ်ကွက် တို့တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး၊ စျေးတာဝန်ခံနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်းရှိ၊ မရှိ၊ သက်ဆိုင်ရာဌာနများက ကန့်သတ်တားမြစ်ထားသည့် မုန့်များရောင်းချခြင်းရှိ၊ မရှိ၊ သက်တမ်းလွန် မုန့်များရောင်းချခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချနေမှုရှိ၊ မရှိတို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်များကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့် မုန့်များကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)