
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့တွင်အခြေခံစားသောက်ကုန်ပစ္စည်းများအားစျေးနှုန်းမှန်ကန်စွာ ရောင်းချနေမှုရှိ/ မရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက (၆-၈-၂၀၂၅) ရက်နေ့နံနက်ပိုင်းတွင် မြို့မဈေးအတွင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်တုန်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှဦးဆောင်၍ ညောင်တုန်းမြို့၊ မြို့မဈေးကြီးအတွင်း ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ အာလူး၊ ငရုတ်သီး၊ ကြက်ဥ၊ ဘဲဥစသည့်အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များအား ကုန်ဈေးနှုန်းမြင့်တက်ရောင်းချမှုမရှိစေရေးနှင့် ကုန်ပစ္စည်းများအား ဈေးနှုန်းမှန်ကန်စွာရောင်းချစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)