
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနာဆိုင်ရာများပူပေါင်း၍ မြို့နယ်အတွင်း ဆန်ဆိုင်များအား စျေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ၆-၈-၂၀၂၅(ရက်နေ့) နံနက် (၀၉း၀၀)နာရီခွဲအချိန်တွင် မအူပင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ကုန်စည်စျေးနှုန်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန စစ်ဆေးရေးအရာရှိများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ စျေးတာဝန်ခံတို့က မြို့နယ်၊ ရပ်ကွက်များအတွင်းနှင့် မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ဆန်အမျိုးအစားအလိုက် သတ်မှတ်၍ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ၊ မရှိ စစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချရန်အတွက် စျေးများ သိုလှောင်ထားရှိမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ MyRo မှတ်ပုဲတင်လုပ်ငန်းများ သက်တမ်းပြည်မီပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန်နှင့် ဆန်ဆိုင်ကြီးများမှ ဆန်သိုလှောင်မှု ပမာဏထက် ကျော်လွန်ပါက ပိုမိုသိုလှောင်ခွင့်မရှိ သိုလှောင်ပါက အရေးယူခံရမည်ဟူသော သတင်းမှာ မမှန်ကန်ကြောင်းနှင့် မိမိတို့သက်တမ်းတိုးရာတွင် သိုလှောင်ပမာဏများကို ဖြည့်သွင်းထားပြီး ပြောင်းလဲမှု ကုန်ရကုန်ထုတ်များအပတ်စဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအဆင်ပြေချောမွေစွာ လုပ်ကိုင်ရန်အတွက် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)