
သာစည်မြို့နယ်သည် လယ်ယာထွက်ကုန်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ ဟင်းသီးဟင်းရွက် သစ်သီးဝလံတစ်မျိုးဖြစ်သည့် ကျောက်ဖရုံသီးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာမှ ယခုအခါ စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။
ကျောက်ဖရုံသီးကို မိုးရာသီဖြစ်သည့် ဇွန်လတွင်စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး(၃) လအကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ ကျောက်ဖရုံသီးကို ဒေသမျိုး အလုံးလတ် (၁-၂) ပေနှင့် အလုံးကြီး နှစ်ပေအထက်အရှည်မျိုးဟူ၍ နှစ်မျိုးရှိကြောင်း၊ ကျောက်ဖရုံသီးစိုက်ပျိုးရာတွင် ဘောင်ဆွဲ၍ တိုက်ရိုက်အစေ့ချ၍ စိုက်ပျိုးခြင်းအပြင် စင်တင်စိုက်ပျိုးခြင်းဖြင့်လည်း စိုက်ပျိုးကြပါသည်။ စင်တင်ရာ တွင်သုံးပေအကျယ်၊ တစ်ပေအမြင့် ဘောင်ဆွဲ၍ တစ်ပင်နှင့်တစ်ပင် နှစ်ပေကြား နှစ်တန်းစိုက်ပြီး တစ်ဘောင်နှင့်တစ်ဘောင် (၁၅-၂၀) ပေခြားဆွဲပါက တစ်ဧကလျှင် အပင် ၂၀၀၀ ခန့် စိုက်ပျိုးနိုင်ကြောင်း၊ ကျောက်ဖရုံသီးစိုက်ပျိုးရာတွင် မြေပြုပြင်ခြင်း၊ လုပ်သားခနှင့် သွင်းအားစု စုစုပေါင်း တစ်ဧကလျှင် (၆၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ကျောက်ဖရုံသီးသည် တာရှည်အထားခံဖြင့်သဖြင့် အလုံးလိုက် အရိပ်ထဲတွင် တစ်နှစ်ပတ်လုံး ထားနိုင်ကြောင်း၊ ဈေးကွက်အနေဖြင့် ရွာအရောက်ပွဲစားများ လာရောက်ဝယ်ယူခြင်း၊ မိတ္ထီလာမြို့သို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်မိုးရာသီတွင် မိုးမပြတ် ရွာသွန်းမှုကြောင့် ကျောက်ဖရုံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များစွားရရှိမည်ဟု ကျောက်ဖရုံစိုက်တောင်သူများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)