ကျိုင်းတုံမြို့ မိုးစပါးစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

   ကျိုင်းတုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးရန် ဆန်ဖူလုံပိုလျှံစေရန်အတွက် ကျိုင်းတုံမြို့နယ်တွင် မိုးစပါး၊ လယ် လျာထား (၄၃၂၁၉) ဧက၊ ယာ လျာထား (၂၈၉၂) ဧက၊ တောင်ယာ လျာထား (၁၅၉၁) ဧက စုစုပေါင်း လျာထား (၄၇၇၀၂) ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။ ယင်းလျာထားမှုဧကများတွင် ယနေ့ထိ စိုက်ပျိုးပြီးစီးမှုမှာ လယ် (၄၁၃၃၇) ဧက၊ ယာ (၂၈၉၂) ဧက၊ တောင်ယာ (၁၅၉၁) ဧက၊ စုစု‌ပေါင်း (၄၅၈၂၀) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းအရ သိရှိရပါသည်။

              ကျိုင်းတုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာတွင် မိုးစပါးကို ပျိုးထောင်စိုက်ပျိုးရေးစနစ်ဖြင့် ဒေသနှင့် ကိုက်ညီပြီး အရည်အသွေးကောင်း ဒေသမျိုးများဖြစ်သော ဆင်းဧကရီ(၃)၊ ရွှေရင်အေးမျိုးများကို အဓိကထားစိုက်ပျိုးပြီး ငစိန်ကောက်ညှင်းစပါးကို အနည်းငယ်စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။ အဆိုပါ မိုးစပါးစိုက်ပျိုးသည့် တောင်သူများမှာ တစ်ဧကအထွက်နှုန်း တိုးတက်စေရန် မျိုးကောင်း၊ မျိုးသန့်ထုတ်လုပ်သုံးစွဲရေးအတွက် သွင်းအားစုများ စနစ်တကျ ထည့်သွင်းပါက တစ်ဧကလျှင် ကျပ်(၁၀)သိန်းခန့် ကုန်ကျပြီး မိုးစပါးအထွက်နှုန်း ခန့်မှန်းတင်းမှာ လယ် (၇၈) တင်း၊ ယာ (၆၅) တင်း၊ တောင်ယာ (၅၅) တင်း ထွက်ရှိ ကြောင်း လယ်လုပ်တောင်သူကြီးများထံမှ သိရှိရပါသည်။

DOCA (ရှမ်း)